====================
(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
မင်းကြီးမင်းလှ မင်းဓမ္မလျှင် လူ့ခွင်ကျော်ဟိုး လွန်ထိန့်ကြိုးလျှက်
တန်ခိုးပြောထူ ဘစောဖြူဟု ပြည်သူသခင် ငါ့အသျှင်မှာ သံသာရှိဟောင်း ဘ၀နှောင်းက
အကြောင်းသင့်စွ ရင်၌ရသား မိဘမျက်ဖျော် သမီးတော်ကို ချီငှော်နှစ်သိမ့်
ခြိမ့်ခြိမ့်ညံညံ ကပ္ပျာသံဖြင့် ကျံကျံယင့်ကျူး ဧျီးယင်ထူးဖြင့် ပျံ့ပျူးသာယာ ဆိုစိမ့်ငှာလျှင် စီကာပတ်ကုံး နိဒါန်းထုံးကို ပန်းကုံးအသွင် ဖွဲ့စီရင်၍ အသျှင်ရွှီနား နာကြားစီရန် အကျွန်ပဏ္ဍိ က၀ိခေါ်ဆို မင်းညိုဘဒူ အသျှင့်လူလျှင် တမူတသီး ဆက်သွင်းပီးသည် ပြည်သူတည့်ထိပ်သီး သျှင်မင်းကြီး ဧျီးယင်ယင်ဧျီး ။ ။
ထိပ်သီးမှောက်တော် ဟုတ်တည့်သြော် မင်းမော်မိဘ သမီးလှကို ချိုမြသံညောင်း ယိုင်းခြင်းကောင်းဖြင့် မောင်းမများစွာ လွှဲစိမ့်ငှာလျှင် ရွီးကာတည့်စီပီး မှောက်တော်ထွီး
ဧျီးယင်ယင်ဧျီး ။ ။
(ဧျီး) ကို (ယီး) ဟု အသံထွက်ဖတ်သည်။
(ဟံသာဝတီမူ) (ရမ်းပြည့်သရက်ချောင်းမူ) တွင် ဤ (အဖွင့်ပိုဒ်) ကို မတွိရပါ။ စစ်တွေကောလိပ်မဂ္ဂဇင်း အမှတ် (၂) ၌ ဆရာကြီးဦးသာထွန်းဖော်ထုတ်ခသော ရခိုင်မင်းသမီးဧခြင်း (မိပန်းရံ) မူ အပိုဒ် (၂) ပိုဒ်။ ပထမပိုဒ်ဖြစ်သည်။ စုစုပေါင်း (၃၄) ပိုဒ် ဟိသည်။
ရမ်းပြည့်သရက်ချောင်းမူတွင် (ဖဒူ) ကို (ပဒူ) ဟူ၍ စာလုံးပေါင်းသည်။ ဟံသာဝတီမူ၌ကဲ့သို့ (အဒူ) ဟူ၍ (အ) နှင့်စာလုံးမပေါင်းဘဲ (ပဒူ) ဟူ၍ (ပ) နှင့် စာလုံးပေါင်းသည်ကို တွိရသည်။