======================
(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးပိမ့်တခြင်း ထိုမြို့တွင်းဝယ် သုံးမင်းတွင်လာ ကြမ္မာကုန်လတ်
မတ်စလင်းဗိုလ် ငြိုးသိုရန်ခင်း ပုန်ကန်လျှင်း၍ ကင်းခယ့်တချက် စမ္ပ၀က်၌
အသက်သုံးနှစ် ခန္ဓာပစ်မှ တိုင်းချစ်တွင်မှည် စိုးမင်းသည်ကို ပြည်၌ဗိုလ်လူ
ကြိုက်မူသနား မင်းရိုးသားဟု မြှောက်စားစီရင် ဘိသိက်တင်မှ ထိုတွင်မထောင်
တောင်၏တူရူ မြို့တောင်ငူ၌ တည်မူမပျက် ဆယ့်ခြောက်ဆက်တွင် မြို့သက်ကုန်ပြီး
မြစ်ကြီးကူးလျှက် မြို့နောက်ဖက်ဝယ် လောင်းကြက်မှည်ခေါ် မြို့သာကျော်ကို
အလော်မာဖြူ တည်တော်မူသည် အယူကြံစည် ထူးတည့်လေ ။
ထူးတည့်မှောက်တော် ဟုတ်တည့်သြော် အလော်မာဖြူ မြို့တောင်ငူက ကြံယူစူးစူး လောင်းကြက်ကူး၍ အထူးမြို့မွန် တည်လတ်ပြန်သည် ရန်မာန်တည့်ငြိမ်းအီး ကြောက်ကင်းဝီး ဧျီးယင်ယင်ဧျီး ။ ။
ထူးတည့်မှောက်တော် ဟုတ်တည့်သြော် အလော်မာဖြူ မြို့တောင်ငူက ကြံယူစူးစူး လောင်းကြက်ကူး၍ အထူးမြို့မွန် တည်လတ်ပြန်သည် ရန်မာန်တည့်ငြိမ်းအီး ကြောက်ကင်းဝီး ဧျီးယင်ယင်ဧျီး ။ ။
No comments:
Post a Comment