Saturday, August 13, 2016

အပိုဒ် (၂၁)

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၂၁)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)

ဧျီးတုံချီချ တမြမြတည့် မင်းဘရင်သွီး သားတော်မြီး ခင်ဘီးကျော်စွာ ဒသရာဇာလျှင် ဓမ္မာသောက ဒါနဖက်၍ ခုနှစ်ရက်လုံးလုံး ကျွန်းကုန်းဇမ္ဗူ လှူတော်မူ၏ ကြည်ဖြူသော်အား ရှည်လျားထောင်တာ သာသနာလွန် နိဗ္ဗာန်သဘင် ပွဲပြုလျှင်မူ ပန်းတင်ဟေရုံ မြုံကားတံမြက် ဆွမ်းချက်လုပ်ကျွေး ကသည်းမြက်နှုတ် သင်ပုတ်ပုဂံ ဇလွန်ပုသိမ် လှူဒါန်းချိန်ပြီး ပုရိန်မြို့သက် သျှစ်ဆက်စွန်ဖျား မင်းဘုန်းစားလျှင် ဟူးရားကျမ်းလာ လေးမြို့မှာတည့် အညာခြိတ်မြို့ တည်ရာဖို့သည် ကတို့မြစ်ကမ်း ကူးတည့်လေ။

ကူးတည့်မှောက်တော် ဟုတ်တည့်သြော် ကုန်းတော်မို့မို့ သဲတောင်ပို့ဝယ် ခြိတ်မြို့သာစည် ဘုန်းစားတည်သည် ရီကြည်တည့်မ၀ီး ကမ်းထောင်းနီး ဧျီးယင်ယင်ဧျီး ။ ။

No comments:

Post a Comment

အဖွင့်အပိုဒ်

ရခိုင်မင်းသမီးဧခြင်း အဖွင့်ပိုဒ် ==================== (ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး) မင်းကြီးမင...