======================
(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးဧျီးသံခြေ မိမြုတ္တေကို စေ့ရေမိခင် ပြောပါကျင်အံ့ ဘီးခင်ကြီးစွာ
အလောမာလျှင် တည်လာလောင်းကြက် ထိုမြို့ထက်၌ ဖြူရွက်ဖြန့်ကြုံး
ငါးယောက်ဆုံးတွင် မှားသျှုံးကြံသီး နန်းကျကြီးကား မီးထက်မက ပြည်ပပြည်တွင်း
ဒါးတစင်းမျှ မဟိရတည်း ကျနကောက်ငင် ပူဆာအင်နှင့် ဆွေလင်နှစ်မည်
အိမ်ထောင်တည်၍ စည်သဘင်ကြီး သမီးလှစွာ ပန်းနီလာကို အာသာမက်မက် လောဘတက်၍
ရက်ရက်ယူပြီး မတ်ကြီးခေါင်ဖျား ဘနှစ်ပါးကို ငြိုးထားကြီးစွာ ဖျက်ဆီးလာသည်
မိစ္ဆာကျင့်ညစ် ညူးတည့်လေ ။
ညူးတည့်မှောက်တော် ဟုတ်တည့်သြော် မတော်ကျင့်ညစ် ကြင်ချစ်လင်မှီး ဇနီးသည်းလျာ ပန်းနီလာကို ခွာ၍ယူပြီး မတ်ကြီးနှစ်ဆူ ဘကိုမူလည်း အပူအဆာ ဖျက်ဆီးလာသည် မိစ္ဆာတည့်ညစ်ညီး မှောင်မိုက်မီး ဧျီးယင်ယင်ဧျီး ။ ။
ညူးတည့်မှောက်တော် ဟုတ်တည့်သြော် မတော်ကျင့်ညစ် ကြင်ချစ်လင်မှီး ဇနီးသည်းလျာ ပန်းနီလာကို ခွာ၍ယူပြီး မတ်ကြီးနှစ်ဆူ ဘကိုမူလည်း အပူအဆာ ဖျက်ဆီးလာသည် မိစ္ဆာတည့်ညစ်ညီး မှောင်မိုက်မီး ဧျီးယင်ယင်ဧျီး ။ ။
No comments:
Post a Comment