Monday, August 15, 2016

အပိုဒ် (၁၈)

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၁၈)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)

ဧျီးဧျီးသာနိုး အိပ်နားစိုးလော မင်းရိုးဆက်လာ မင်းလက်ယာ၏ သည်းချာစဉ်ရှည် ငါးဆက်လည်တွင် မှည်ကောလိယ မင်းလှတံခွန် ဘီးစောမွန်ကား ဆဒ္ဒါန်ဆင်ဖြူ ငွေတူလွလွ ဆယ်စီးရ၍ နတ်သလှံပျံ တမန်စေခါ ငန်းတာချချ ဆည်စေရလျှက် ဒီပပတ်ကုံး မင်းအားလုံးကို ပင့်ရုံးထံမှောက် အကုန်ရောက်မှ ငရကောက်မော် တောင်ကုန်းပေါ်ထက် သျှင်တော်ရုပ်ကြီး မဟာထီးကို ကောင်းခြီးနတ်လူ ဘ၀ဂ်ဆူမျှ အလှူကောင်းမှု တည်ထားပြုသည် ဗဟုကုသိုလ် ထူးတည့်လေ ။

ထူးတည့်မှောက်တော် ဟုတ်တည့်သြော် မင်းကောလိယ မင်းဓမ္မလျှင် ငရကောက်မော် တောင်ကုန်းပေါ်ထက် ကုသိုလ်ဖက်သည် ဘ၀ဂ်တည့်ပျံ့မွှီး လင်းရောင်ပြီး ဧျီးယင်ယင်ဧျီး ။ ။

No comments:

Post a Comment

အဖွင့်အပိုဒ်

ရခိုင်မင်းသမီးဧခြင်း အဖွင့်ပိုဒ် ==================== (ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး) မင်းကြီးမင...