======================
(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးပိမ့်စဉ်ကွင်း မကောင်းခြင်းဖြင့် ထိုမင်းနှင့်သား နှစ်ပါးစုံလွန်
နောက်ဆုံးစွန်တွင် ကောင်းမွန်ယဉ်ဘိ လောင်းဗေါဓိဟု ဇာတိအမြတ် အထွဋ်ထိပ်သီး
ဘုရင်ထီးကို ရှုညီးမယ်တော် ဖွားလတ်သော်လျှင် နုဘော်တေဇ ဘလက်နက်၏
သံလျက်တောက်ရောင် နန်းလုံးပြောင်၍ ဘဇောင်ခြင်းရာ သားကြောင့်ငါကား ခန္ဓာအသက်
တိုအံ့လျှက်ဟု ပုခက်နှင့်ရစ် ရီဝယ်ပစ်လည်း မနစ်ထိုရော် စက်ဝန်းပေါ်က
ပူဇော်နတ်ရို့ ပြန်ဆက်ပို့သော် ယိုးသို့တဖန် ထုတ်လီပြန်မူ ပူပန်သော်အား
မိဖုရားနှင့် မှူးများမတ်ဗိုလ် ဘကိုပယ်လစ် ခုနှစ်နှစ်တွင် ရိုချစ်ကြည်လင်
ထီးနန်းတင်သည် ရီစင်သွန်းကြဲ ဖြူးတည့်လေ ။
ဖြူးတည့်မှောက်တော် ဟုတ်တည့်သြော် မယ်တော်မက မတ်ကစ၍ ဘကိုပါယ်လစ် ခုနှစ်နှစ်ကြီး မင်းထီးမှည်ခေါ် ဘီးလောင်းတော်ကို ပူဇော်လူနတ် အားလုံးညွတ်သည် အထွဋ်တည့်ထိပ်သီး ဘုရင်ထီး ဧျီးယင်ယင်ဧျီး ။ ။
ဖြူးတည့်မှောက်တော် ဟုတ်တည့်သြော် မယ်တော်မက မတ်ကစ၍ ဘကိုပါယ်လစ် ခုနှစ်နှစ်ကြီး မင်းထီးမှည်ခေါ် ဘီးလောင်းတော်ကို ပူဇော်လူနတ် အားလုံးညွတ်သည် အထွဋ်တည့်ထိပ်သီး ဘုရင်ထီး ဧျီးယင်ယင်ဧျီး ။ ။
No comments:
Post a Comment