======================
(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးပိမ့်ရွီရွတ် န၀ရတ်တိ စီခတ်ကိုးမြွှာ ၀င်းဝင်းဝါသား ရတနာရောင် ပြောင်ပြောင်ရှုးရှုး မြောက်ဦးလယ်ချက် ရွှီနန်းထက်ဝယ် ဘုန်းဆက်စဉ်ဖြစ် ဧကရာဇ်တကာ မင်းမဟာတည်း အာဏာလက်ရုမ်း တန်ခိုးဘုန်းသား ပတ်ကုမ်းထိန့်သဲ ကျွန်းလုံးကြဲမျှ သျှင့်ခမည်းမင်း သျှင်မိရင်းက လက်ငြင်းယခု ပြုသည်ကမ္မ ရှိပုညကြောင့် ဤမျှတည်းသာ မကပါတည့် မဟာသမတ် နွယ်မပြတ်လျှင် အထွဋ်ထိပ်မိုး ဖြိုင်ဖြိုင်စိုးသည် မျိုးလည်းလွန်မြောက်ထူးတည့်လေး ။
ထူးတည့်မှောက်တော် ဟုတ်တည့်သြော် ပေါ်သောကမ္ဘာ မဟာသမတ် မင်းများနတ်၏ မပြတ်တည့်စဉ်ပြီး သားမြစ်မြီး ဧျီးယင်ယင်ဧျီး ။ ။
မှတ်ချက်။ ။ သာလှဦးမူ။ ဆရာကြီးဦးသာထွန်း၏မိပန်းရံလက်ရွီးမူရင်း ဆရာကြီး၏မြီး @Kyaw Tun Aung အောင်လက်ထဲ၌ ဟိသိမ့်သည်။ မြန်မာဘာသာဖြင့် စာအုပ်ထုတ်ရန် စီစဉ်လျှက်ဟိသည်ဟုဆိုသည်။ စာအုပ်ထုတ်ဝီဖြစ်သောအခါ လည်းကောင်းမူနှင့်လည်း ညှိနှိုင်းဖော်ပြပီးလားပါမည်။

No comments:
Post a Comment