Friday, August 19, 2016

အပိုဒ် (၁၃)

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၁၃)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)

ဧျီးဧျီးသံနွှဲ ပြောကာလွှဲအံ့ ၀ဲပင်လယ်မြစ် နဂါးနှစ်၍ ဟိလိုက်သောခါ ပြည်ရွာတဖန် မရောက်ပြန်က ပြင်းထန်ကျွီးဟစ် ငိုယိုလစ်၍ လင်ဖြစ်လင်သား လင်ယောက်ျားကို မျက်ဝါးဖုံဖုံ မျှော်တုံလီပြီး သျှင့်ဘီးခင်ဖွား မိဖုရားကို လားမည်သောခါ ရောင်ဝါလျှပ်လား ပတ္တမြားမျက်ခြေ ဤသည်လက်စွပ် ဖိုးခတ်ပြနှိုင်း တိုင်း၍တန်သူ မင်းမြှောက်မူဟု ဟူခယ့်နှစ်စောင်း ကြာမညောင်းတည့် အလောင်းလင်လျာ တိုင်းခန်းရှာသည် ထိုခါပြည်လုံး နူးတည့်လေ ။

နူးတည့်မှောက်တော် ဟုတ်တည့်သြော် ထိုရော်အခါ လင်မိန့်မှာကြောင့် လင်ရှာစေခိုင်း လက်စွပ်တိုင်း၍ ရနှိုင်းတည့်ရှာမီး မရသီး ဧျီးယင်ယင်ဧျီး ။ ။

No comments:

Post a Comment

အဖွင့်အပိုဒ်

ရခိုင်မင်းသမီးဧခြင်း အဖွင့်ပိုဒ် ==================== (ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး) မင်းကြီးမင...