Sunday, August 14, 2016

အပိုဒ် (၂၀)

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၂၀)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)

ဧျီးဧျီးပျပျ သားညီမကို ချီချရွေရွတ် တတွတ်တွတ်လျှင် ပျော်တတ်ရာရာ အောက်မိကာလျှင် နာနာလိုလို ယင့်ကာဆို၏ သံချိုသံခွန်း ဆန်းဆန်းထူးတူး မိသည်ကျူးအံ့ သွီးဦးရွှီခဲ မိပုလဲလျှင် နရွဲနရူ အပူအဆာ ငိုရာမဲ့လျှက် ရွှီပုခက်ဝယ် စုံမက်သနား မိစကားကို နားပါးသွင်းသွင်း အိပ်ပါလျှင်းလော သတင်းတေဇ နီတမျှတည့် ဒသရာဇာ ဘုန်းကြီးစွာသား အံ့အားလူဝယ် မယုံဖွယ်တည့် ခြောက်ဆယ်ဆင်ဖြူ ဗိုလ်လူမူကား နွားလားသင်းစု ခုနှစ်ခုမည် အကုဋေတိ ချေကစတုံ မိသည်းပုံသည် မိအုံလက်ဖျား လှူးတည့်လေ ။

လှူးတည့်မှောက်တော် ဟုတ်တည့်သြော် ဆိုသော်လူဝယ် မယုံဖွယ်တည့် ခြောက်ဆယ်ဆင်ဖြူ ဗိုလ်လူမူကား နွားလားခုနှစ် ရွီလစ်မတတ် ပုံယင်ထပ်သည် နတ်မင်းတည့်ကျော်သီး ပြည်သျှင်ကြီး ဧျီးယင်ယင်ဧျီး ။ ။

No comments:

Post a Comment

အဖွင့်အပိုဒ်

ရခိုင်မင်းသမီးဧခြင်း အဖွင့်ပိုဒ် ==================== (ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး) မင်းကြီးမင...