======================
(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးတုံကာကာ အစဉ်ဖြာသား မှည်သာဓည ပြည်မထိပ်ဖျား သိကြားပီးနှင်း
လက်နက်ပြင်းသား ထိုမင်းမာရယု တည်စပြုက သားပုမြီးချည်း စဉ်တကဲတည့်
ငါးဆယ့်လေးဆောင် ဖြူရောင်ထွန်းလျှံ ကျိန်းခန်းလွန်မူ ဘီးမွန်ကြီးစွာ
ကံရာဇာလျှင် ပဉ္စာနရီ နတ်ဒေ၀ီနှင့် တိမ်မှီမိုးဆောင်း ကျောက်ပန်းတောင်း၌
ပွဲကောင်းရစ်ဖွဲ့တည်ထားခယ့်သည် နှစ်ဆယ့်လေးနှစ် ကျူးတည့်လေ ။
ကျူးတည့်မှောက်တော် ဟုတ်တည့်သြော် တိမ်ပေါ်မြင့်ဆောင်း ကျောက်ပန်းတောင်း၌ ပွဲကောင်းရစ်ဖွဲ့ တည်ထားခယ့်သည် နှစ်ဆယ့်တည့်လေးမိုး စိုးလီပြီး ဧျီးယင်ယင်ဧျီး ။
ကျူးတည့်မှောက်တော် ဟုတ်တည့်သြော် တိမ်ပေါ်မြင့်ဆောင်း ကျောက်ပန်းတောင်း၌ ပွဲကောင်းရစ်ဖွဲ့ တည်ထားခယ့်သည် နှစ်ဆယ့်တည့်လေးမိုး စိုးလီပြီး ဧျီးယင်ယင်ဧျီး ။
No comments:
Post a Comment