======================
(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးကာယင့်ယူ ဖျော်တော်မူလျှက် လူလူခေါ်ကာ မိတ္တာအီးအီး ဧျီးဧျီးနာပေ
ရွှီနားတည်လော ဧကရာဇ်တံခွန် ဆဒ္ဒါန်ဖြူဆွ လှရွရွနှင့် ဓည၀တီ သိင်္ဂီရွှီပြည်
ဘုန်းထွန်းစည်သား အမှည်သူရိယ စန္ဒရာဇာ မင်းသဒ္ဓါလျှင် ထိုခါစိုးခိုက်
သျှင်တော်ကြိုက်၍ ရိုက်ရိုက်လည်းဖိတ် ဦးထိပ်လက်ပန် ပီတိဝှန်လျှက်
တောင်းပန်သောခါ မဟာမုနိ ဟိသည်ယခု ဆင်းရုပ်ထုကို ၀ိသုကမ္မ သိကြားပြ၍ ပဉ္စလောဟာ
ရတနာဖြင့် သွန်းကာမဖြစ် ခုနှစ်လက်ထိ ကိုယ်ငွိတော်ယူ တည်တော်မူမှ
ဘုန်းတူဘုန်းရှည် ညီနှယ်ဘုရား ကိုယ်တော်ပွားဟု ထားခယ့်သော်အား သုံးပါးနတ်လူ
ကိုးရာမူသည် အယူရိုညွတ် နူးတည့်လေ ။
နူးတည့်မှောက်တော် ဟုတ်တည့်သြော် သျှင်တော်ကိုယ်စား ကိုးရာထားလျှက် သုံးပါးလူနတ် အားလုံးညွတ်သည် အထွဋ်တည့်တင်ပြီး နှိုင်းမဲ့ဝီး ဧျီးယင်ယင်ဧျီး ။ ။
နူးတည့်မှောက်တော် ဟုတ်တည့်သြော် သျှင်တော်ကိုယ်စား ကိုးရာထားလျှက် သုံးပါးလူနတ် အားလုံးညွတ်သည် အထွဋ်တည့်တင်ပြီး နှိုင်းမဲ့ဝီး ဧျီးယင်ယင်ဧျီး ။ ။
No comments:
Post a Comment