Thursday, August 18, 2016

အပိုဒ် (၁၄)

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၁၄)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)

ဧျီးပိမ့်စေရုံး ပန်းနှယ်ကုံးသား ပြည်လုံးနှံမ့်မျှ နှိုင်းမရ၍ ချောင်းဝမြောင်ထဲ တောင်ယာတဲဝယ် အမြဲနီကျင် မြိုတွင်ထင်ရှား သင်းကြီးသားဟု ရှည်လျားလုံးရပ် စည်းကြပ်စစ်ကြော ချောမောဆောင်ယောင် ညီနောင်သားဘ သုံးယောက်ရလျှင် အစတည်တုံ အမြထုံနှင့် တူစုံသာပေါင်း ထီးနန်းဆောင်း၍ နှောင်းတကြိမ်မူ သားပဲဖြူနှင့် ထီးဖြူဆောင်ချုပ် ပြည်ရွာအုပ်လျှက် တုန်လှုပ်မစွမ်း ပျက်ယိုယွမ်းတွင် သျှမ်းကိုးသိန်းသျှင် သိုခင်ဘွားကြီး တောင်ရိုးစီး၍ ဖျက်ဆီးလီခါ ကိုယ့်ရွာတကြိမ် မင်းမဲ့တိမ်သည် စည်းစိမ်မထွန်း ချူးတည့်လေ ။

ချူးတည့်မှောက်တော် ဟုတ်တည့်သြော် ထိုရော်သျှမ်းသား သိုခင်ဘွားလျှင် ကြီးမားမာန်ပါ ဖျက်ဆီးလာ၍ ယင်းခါတချက် ထီးနန်းပျက်သည် အဆက်တည့်နွယ်ရီး ပြတ်လီပြီး ဧျီးယင်ယင်ဧျီး ။ ။

No comments:

Post a Comment

အဖွင့်အပိုဒ်

ရခိုင်မင်းသမီးဧခြင်း အဖွင့်ပိုဒ် ==================== (ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး) မင်းကြီးမင...