Saturday, August 20, 2016

အပိုဒ် (၁၁)

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၁၁)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)

ဧျီးဧျီးသာပြား သိကြားပီးနှံ စေစားစံသား လှံပျံလက်သုံး ကိုးဆက်လုံးတွင် အဆုံးစန္ဒြား နှောင်းမင်းဖျားလျှင် နှစ်ပါးဥာဏ်ထောက် ရှိနောက်မြော်မြင် ဗေဒင်တတ်ငြား ဟူးရားညိုဟူ ဟူးရားဖြူရို့ မြစ်မူမနိုင် လှီခိုင်လှီကောင်း လှီရံပေါင်းတိ ကိုးသောင်းပိတ်ထား ရှိလားနောက်တွဲ ပင်လယ်ဝဲ၀ုတ် မြစ်သမုဒ်ဖြင့် တပ်လုပ်ဦးတည် သင်းတွဲပြည်သို့ ကြွသည်ထိုခါ သန္တာဦးနှစ် ပစ်သည်ကွမ်းဖတ် မြင်ဘိလတ်က ရီနတ်ရင်သွီး အထွီးအနှောင်း ဘကိုတောင်း၍ အလောင်းပြခါ လင်လျာလည်းဟူ ချစ်နှစ်ယူသည် လွယ်ကူပန်းနှယ် ခူးတည့်လေ ။

ခူးတည့်မှောက်တော် ဟုတ်တည့်သြော် စားတော်ကွမ်းဖတ် မြင်ဘိလတ်က ရီနတ်မင်းသမီး အထွီးအနှောင်း ဘကိုတောင်းသည် လင်ဟောင်းတည့်ပိုက်ထွီး နတ်မင်းသွီး ဧျီးယင်ယင်ဧျီး ။ ။

No comments:

Post a Comment

အဖွင့်အပိုဒ်

ရခိုင်မင်းသမီးဧခြင်း အဖွင့်ပိုဒ် ==================== (ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး) မင်းကြီးမင...