Sunday, August 7, 2016

အပိုဒ် (၂၇)

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၂၇)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)

ဧျီးဧျီးသံခွန်း အဆန်းဆန်းတည့် စီတန်းကောင်းခင် မိုးသက်တင်သို့ တမျှင်မကျိုး သျှင့်ဘီးဘိုးကား နန်းရိုးစည်ပင် သာကီဝင်ဟု နွယ်လျှင်မပျက် သားမြီးဆက်၏ လောင်းကြက်တွင်မူ ရိပ်ဖြူဖွေဖွေး တဆယ့်လေးဝယ် ခင်မည်းဆုံးစွန် မင်းစောမွန်လျှင် တရံတထောက် ကျိန်းခန်းလျှောက်ဖြင့် အနောက်သူရတန် ပဌာန်မင်းနီ ပြည်ရောက်ခီ၍ ပြန်လီထိုခါ မြို့ကောင်းရာကို ရှာတုံအကျော် ရေးကြီးမြော်သည် မြင်သော်လီသို့ ဟူးတည့်လေ ။

ဟူးတည့်မှောက်တော် ဟုတ်တည့်သြော် ထိုရော်တဖန် ဘီးစောမွန်လျှင် ရောက်ပြန်လာလျှက် မြို့လောင်းကြက်ကို မြို့သက်ကုန်မဲ့ မနီကဲ့ဟု မျှော်ကြည့်စာနာ မြို့ကောင်းရာကို ရှာသည်တည့်နောင်ရီး ဖီးကင်းဝီး ဧျီးယင်ယင်ဧျီး ။ ။

No comments:

Post a Comment

အဖွင့်အပိုဒ်

ရခိုင်မင်းသမီးဧခြင်း အဖွင့်ပိုဒ် ==================== (ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး) မင်းကြီးမင...