======================
(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးဧျီးတုံပိမ့် ဟုတ်လိမ့်ဝါးတား တွေးယူမှားလျှက် နဂါးနှုတ်ထွက်
ခုနှစ်ရက်သာ နီခယ့်ကာတည့် တခါလည်းကောင်း အလောင်းလူ့ပြည် ပေါ်လတ်မည်ဟု
ဆိုသည်စကား သျှင်မကြားလော ရှိဖျားတင်လစ် ဓမ္မဇစ်အမတ် ကိုယ်လွတ်ယှောင်ခွာ
လာလတ်ရာတွင် မာန်ပါမျက်ပွား မိဖုရားကြောင့် ပြီးလားခယ့်တုံ မြုံဟယ်ရုံပြည်
တည်သည်ယခု မင်းရိုးပြု၍ သျှင်ဟုမကျိုး ကျွန်စဉ်ရိုးကို သျှင့်ဘိုးတော်မင်း
မွီးသျှင်ရင်းလျှင် လက်ငြင်းခဏ မကြာရတည်း သားဘနှစ်ပါး ခန္ဓာလားမှ
ထွားထွားတဖန် ပျက်ခယ့်ပြန်သည် မာန်တော်မီးသို့ ဆူးတည့်လေ ။
ဆူးတည့်မှောက်တော် ဟုတ်တည့်သြော် ထော်လော်ကန့်လန့် သျှင်မခန့်နှင့် ကိုယ်လွန့်ကိုယ်လုံ မြုံဟယ်ရုံကို ဆန်တုံတချက် သျှင်ဘိုးဖျက်သည် အသက်တည့်ကုန်ပြီး ခန္ဓာဖီး ဧျီးယင်ယင်ဧျီး ။ ။
ဆူးတည့်မှောက်တော် ဟုတ်တည့်သြော် ထော်လော်ကန့်လန့် သျှင်မခန့်နှင့် ကိုယ်လွန့်ကိုယ်လုံ မြုံဟယ်ရုံကို ဆန်တုံတချက် သျှင်ဘိုးဖျက်သည် အသက်တည့်ကုန်ပြီး ခန္ဓာဖီး ဧျီးယင်ယင်ဧျီး ။ ။
No comments:
Post a Comment