Tuesday, August 16, 2016

အပိုဒ် (၁၆)

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၁၆)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)

ဧျီးပိမ့်တချက် စမ္ပ၀က်၌ ဘုန်းဆက်စည်ကြုံး ဆယ်ယောက်သုံးတွင် အဆုံးစွန်မူ မင်းဘီးလူကို ကြံတူလှည့်ပတ် ပုန်ကန်သတ်၍ အမတ်သင်္ခယာ မှည်သာတချက် ၀ရောင်းငှက်လျှင် သုံးဆက်စိုးကာ ပဉ္စာမြို့ကောင်း ကျိန်းပြီးနှောင်းမှ မင်းဟောင်းသွီးခဲ မင်းရဲဘယ ပေါက်ညိုမြနှင့် ကြွခရှိပြည် ဆယ်နှစ်မည်တွင် မြင်သည်သည်းချာ ရွှီဂူသာနှင့် လက်ယာမင်းနန် မင်းရိုးမှန်လျှင် တဖန်လည်းကောင်း အလောင်းစည်သူ သိမ်းပြန်ယူခိုင်း တလိုင်းတသိန်း ပြူတသိန်းနှင့် အောင်ကျိန်းခါချိန် ပြက္ခတိန်လျှောက် ပုရိန်မြို့သစ် ထောင်လာလစ်သည် ချစ်နှစ်ပြည်သူ ကျူးတည့်လေ ။

ကျူးတည့်မှောက်တော် ဟုတ်တည့်သြော် နှစ်ဖော်နှစ်ပါး တူမပြားတည့် သျှင့်သားသမီး ဆွေစနီးနှင့် ပြည်ကြီးစိုးလာ တိုင်းချမ်းသာကို ရှာသည်တည့်မြင့်ထီး ဆောင်းလီပြီး ဧျီးယင်ယင်ဧျီး ။ ။

No comments:

Post a Comment

အဖွင့်အပိုဒ်

ရခိုင်မင်းသမီးဧခြင်း အဖွင့်ပိုဒ် ==================== (ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး) မင်းကြီးမင...