Monday, August 15, 2016

အပိုဒ် (၁ရ)

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၁ရ)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)

ဧျီးဧျီးသံခြား ကျူးကာကြားပိမ့် နားသည်မယောင် သျှင်မထောင်လော မောင်နှမရင်း တဘချင်းကို မင်းမြှောက်သောခါ ပါသည်များလှိုင်း တလိုင်းနှင့်ပြူ နှစ်ပြည်သူရို့ သုံးလူထွဋ်ချာ မဟာမုနိ တြိနာတော် ရုပ်ရှင်တော်ကို ပေါင်တော်ကြောသား လောဘအားကြောင့် နဂါးလည်းနှစ် ပြန်ရစ်သောခါ ပြည်ရွာလည်းပျက် ခုထက်တိုင်ပင် နူဝဲဖျင်လျှက် သျှင်ပင်ပြစ်ကြောင့် ဖြစ်သည်တည်းဟု ဤလည်းသျှင်မ နားတော်ပလော ဘ၀လည်းသုဉ်း ပျက်ဆုံးခန္ဓာ သံသရာဝယ် ပဉ္စာနန္ဒရိတ် တံဆိတ်မချွတ် ခံရတတ်သည် မကျွတ်ခန္ဓာ ကူးတည့်လေ ။

ကူးတည့်မှောက်တော် ဟုတ်တည့်သြော် ပေါင်တော်ကြောသား လောဘအားကြောင့် ယူကားယူမိ မချိဒုက္ခ ဘ၀သံသရာ ပဉ္စာနန္ဒ ကံကြီးလှသည် မလွတ်တည့်ပြစ်မီး သျှင်ပင်ဖီး ဧျီးယင်ယင်ဧျီး ။ ။

No comments:

Post a Comment

အဖွင့်အပိုဒ်

ရခိုင်မင်းသမီးဧခြင်း အဖွင့်ပိုဒ် ==================== (ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး) မင်းကြီးမင...