Monday, August 8, 2016

အပိုဒ် (၂၆)

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၂၆)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)

ဧျီးဧျီးသံချီ စဉ်ကာရွီပိမ့် ညီညာကျင့်ထုံး နှလုံးမလစ် မင်းဖြစ်သုံးဆယ် သုံးနှစ်ဝယ်တွင် ကြီးကျယ်တိုင်းကား ၀န်းလျားကြေငြာ မြန်မာတလိုင်း သျှမ်းသာဝိုင်းလျှက် သက်ရိုင်းနှင့်မြုံ ဥသုံရောင်းရောင်း ထောင်းထောင်းပုန်ကန် ထိုမီးရန်ကို တွန်းလှန်ပစ်မည် စိတ်ကရည်လျှက် ထိုသည်မင်းထီး ဘီးမင်းကြီးကား ပုတီးလက်တွင် ဘုရားတင်လျှက် ကိုယ်ပင်ရှိဦး စစ်တပ်ဦးဝယ် သုံးဦးတပ်မင်း သုံးသင်းစစ်ခြီ သုံးဖြာညီ၍ အောင်မြီစစ်စစ် မိုးကြိုးပစ်သို့ ငယ်ဖြစ်ပျော်မွိ အိမ်ရှိခုနှစ် ဖြစ်တုံနန်းမ တရာ့ခြောက်မည် နန်းသက်ရှည်သည် နတ်ပြည်ဘ၀ ကူးတည့်လေ ။

ကူးတည့်မှောက်တော် ဟုတ်တည့်သြော် ငယ်သော်ခုနှစ် အိမ်ရှိဖြစ်ကို ပစ်၍ရွီသော် ရွှီနန်းပေါ်ထက် အသက်တရာ့ ခြောက်နှစ်ပသည် ဘ၀တည့်ပြောင်မွှီး နတ်ပြည်ကြီး ဧျီးယင်ယင်ဧျီး ။ ။

No comments:

Post a Comment

အဖွင့်အပိုဒ်

ရခိုင်မင်းသမီးဧခြင်း အဖွင့်ပိုဒ် ==================== (ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး) မင်းကြီးမင...