======================
(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးတုံချီချ တမြမြတည့် ဓည၀တီ သိင်္ဂီရွှီပြည် ဘုန်းတိစည်သား အမှည်စန္ဒ
သူရိယချည်း ဆက်ကာတည်းလျှင် သားလည်းမြီးလှောက် ငါးယောက်နှစ်ကျိပ်
ဖြူရိပ်ဖြန့်ဆောင်း နှောင်းကားခါချိန် ကျိန်းခန်းနီမှတ် ညွှန်ပြလတ်ဘိ
ဝေသာလိ၌ ဇာတိဆဒ္ဒါန် မျိုးမွန်ဖြူလဲ့ တဆယ့်နှစ်စီး ကျော်ဟီးထိုခါ
ပေါ်ထင်စွာသား မဟာမှည်လှိုင်း တိုင်းစန္ဒြား ကျောက်လှီကား၌ သိကြားနတ်ဖန်
လှဲနှင့်သံလျက် လက်နက်လှံမိုး ကိုးမင်းဆက်တိုင် ထုပ်ခွန်လှိုင်၍
ရိုက်ထိုင်ထိန့်ကြိုး မိုးရတနာ ရွာကာကာတည့် မှည်သာကျော်လွှမ်း
ဥဒါန်းဆောင်လွှား စန္ဒြားရားဟု ကြီးအားမြောက်စည် ကိုးဆက်တည်သည်
လူ့ပြည်ဘုန်းသျှိန်စူးတည့်လေ ။
စူးတည့်မှောက်တော် ဟုတ်တည့်သြော် ဘီးတော်စန္ဒြား ကိုးဆက်အားကို သိကြားပီးဆက် လှံသံလျက်နှင့် ထက်မိုးရတနာ ရွာသည်ထိန့်ကြိုး ကျော်လွန်ဟိုးသည် တန်ခိုးတည့်ပျံ့မွှီး ကျွန်းလုံးထီး ဧျီးယင်ယင်ဧျီး ။ ။
စူးတည့်မှောက်တော် ဟုတ်တည့်သြော် ဘီးတော်စန္ဒြား ကိုးဆက်အားကို သိကြားပီးဆက် လှံသံလျက်နှင့် ထက်မိုးရတနာ ရွာသည်ထိန့်ကြိုး ကျော်လွန်ဟိုးသည် တန်ခိုးတည့်ပျံ့မွှီး ကျွန်းလုံးထီး ဧျီးယင်ယင်ဧျီး ။ ။
No comments:
Post a Comment