Thursday, August 4, 2016

အပိုဒ် (၃၀)

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၃၀)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)

ဧျီးလျှက်မပြတ် ကျူးသံရွတ်ပိမ့် ဘီးလတ်ဘီးကြီး ထိန်ညီးဝီ၀ီ သပြီညွန့်ဖူး မြောက်ဦးမြို့မ အစပြုပြန် မင်းစောမွန်ကား နိဗ္ဗာန်ကျင့်ထူး ပွင့်ဖူးနွယ်မြစ် ကိုးနှင့်တစ်တွင် စင်စစ်မမှား ငါးပါးလှူကြီး စွန့်ခယ့်ပြီးစွာ ခန္ဓာတော်သက် ရှည်အံ့လျှက်တည်း ချင့်တွက်ပြိုင်ခိုင်း ပြည်နှင့်နှိုင်း၍ တိုင်းကားပြည်ရွာ နောင်လာရှည်လျား စီးပွားကိုသာ ငါကြိုက်ပါ၏ ငါသာအသီ ဆုံးပါစီဟု လေးလီလေးပါး နတ်ဟူးရားရို့ မြို့ကားထောင်ပွား မင်းကားသက်တို မြင်တိုင်းဆို၏ ကိုယ်ကိုမချစ် မင်းကောင်းဖြစ်ဖြင့် အသစ်ရွှီပြည် ထီးနန်းတည်သည် သျှစ်မှည်ရန်သူ ရူးတည့်လေ ။

ရူးတည့်မှောက်တော် ဟုတ်တည့်သြော် လောင်းတော်စောမြတ် အထွဋ်မှန်စစ် ဓမ္မရာဇ်ကား ကြစ်ချစ်နှစ်လို့ ထောင်ကိန်းမြို့ဟု သူဖို့ကိုသာ ချစ်မိတ္တာသည် ရှာသည်တည့်မ၀ီး ကိုယ့်သက်ပီး ဧျီးယင်ယင်ဧျီး ။ ။

No comments:

Post a Comment

အဖွင့်အပိုဒ်

ရခိုင်မင်းသမီးဧခြင်း အဖွင့်ပိုဒ် ==================== (ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး) မင်းကြီးမင...