Wednesday, August 17, 2016

အပိုဒ် (၁၅)

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၁၅)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)

ဧျီးတုံစုစု မိမျက်ရှုကို သိမှုထွေထွေ မိသည်ရွေပိမ့် ပျက်လိမ့်ကိန်းခန်း သိုက်နိဒါန်းလျှောက် သျှမ်းမင်းဖျက်ထ ထိုခဏ၀ယ် စူဠစန္ဒြား မင်းတြားသွီးဦး စိုးရွှီလူးကား ကိုယ်ထူးယှောင်လစ် စစ်တန်းတင်ထက် သက်နှင့်ဖက်၍ သက်သဘောပင် သက်မှည်တွင်သား ငမင်းငတုံး ဘုန်းလက်ရုမ်းဆက် စမ္ပ၀က်ကို ဖြူရွက်ဖြန့်မိုး နှင်းလာစိုးက မိုးကြိုးကန်ဝယ် စောင့်ဟန်နဂါး သိကြားပီးသည် ပိတောက်စည်လည်း တီးမြည်သံကြောင့် ပုဂံထွားညက် သျှမ်းလည်းပျက်၏ တိုင်းထက်ဆယ်ပြန် ကိုယ့်ပြည်မွန်သည် တဖန်ကျွန်းလုံး နူးတည့်လေ ။

နူးတည့်မှောက်တော် ဟုတ်တည့်သြော် ထင်ပေါ်တေဇ စူဠတွင်ငြား စန္ဒြား၏ သက်သားလုလင် သားငမင်လျှင် ကြီးအင်ကြံစည် ထီးနန်းတည်၍ အမှည်စမ္ပ၀က် ထီးနန်းတက်သည် တိုင်းထက်တည့်ကျော်ဟီး နန်းတော်ထီး ဧျီးယင်ယင်ဧျီး ။။

No comments:

Post a Comment

အဖွင့်အပိုဒ်

ရခိုင်မင်းသမီးဧခြင်း အဖွင့်ပိုဒ် ==================== (ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး) မင်းကြီးမင...