Saturday, August 6, 2016

အပိုဒ် (၂၈)

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၂၈)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)

ဧျီးကာယင့်ဖျော် မွီးမယ်တော်ကို အိပ်ပျော်စီကြောင်း ဆုလည်းတောင်းအံ့ မြို့ကောင်းရာကို ရှာသည်မူကား သိကြားနတ်မြင် ဗေဒင်စနည်း ၀သဲမြောက်ဦး ခေါ်ထူးကာပျောက် ချီဟောက်သံကြား ကျားကားလန့်ယှောင် ကြောင်မူပြီးထွက် ကြွက်ကားလိုက်နီ မြွီကိုဖားနိုင် တြင်းဆိုင်လျှက် ရခိုင်မှန်ဖူး မြို့မြောက်ဦးကို နတ်မှူးညွန်ပြ နန်းရာရသည် ဘုမ္မိနက်သန် ထူးတည့်လေ ။

ထူးတည့်မှောက်တော် ဟုတ်တည့်သြေ် ပေါ်တုံတြင်း အောင်ခြင်းမဏ္ဍိုင် ရခိုင်မှန်ဖူး မြောက်ဦးမှည်သာ မြို့အောင်ချာသည် နန်းရာတည့်တည်ရီး တြင်းပီး ဧျီးယင်ယင်ဧျီး ။ ။

No comments:

Post a Comment

အဖွင့်အပိုဒ်

ရခိုင်မင်းသမီးဧခြင်း အဖွင့်ပိုဒ် ==================== (ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး) မင်းကြီးမင...